
အလင်းရောင်ကိုပေးတဲ့ နေ့တစ်နေ့နဲ့ အမှောင်ထုတို့ ကြီးစိုးတဲ့ ညတစ်ညတို့ ပေါင်းစပ်မိတဲ့ အခါ ရက်တစ်ရက်ဆိုတာ ဖြစ်ပေါ်လာရတယ်။ ရက်ဆိုတာကတော့ လူသားတွေကို အသက်ရှင်သန်မှုပေးပြီး ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေကို သယ်ဆောင်လာပေးတဲ့ သဘာဝတရားရဲ့ လက်ဆောင်တစ်ခုပါ။ ကျွန်တော်ပြောချင်တာ လောကကြီးမှာ ဆန့်ကျင်ဘက်အရာနှစ်ခုပေါင်းစပ်လို့ မရဘူးလို့ ဆိုနေတဲ့လူတွေကို ကျွန်တော်တို့ဖြတ်သန်းနေကြတဲ့ နေ့ရက်တွေကိုက ဆန့်ကျင်ဘက်အရာ နှစ်ခုပေါင်းစပ်ထားတာပဲလို့ ရှင်းပြချင်တာပါ။
မျိုးဇော်(၂၈.၀၆.၀၉)