
ရန်ကုန်မှာ ဒီနှစ်နွေက အရမ်းကိုပူခဲ့တယ်။ မိုးရာသီကျတော့လည်း လမ်းတွေမှာ ရေတွေလျှံလောက်အောင်ကို မိုးမင်းကြီးက အငြိုးကြီးခဲ့လေရဲ့။ ဆောင်းရောက်ရင်ရော…။ ဟိုးအရင် ကျွန်တော်ငယ်ငယ်တုန်းကလိုပဲ နှင်းတွေဝေနေအောင် ကျအုံးမှာလား။ တကယ်လို့သာ… နှင်းတွေဝေနေအောင်ကျခဲ့မယ်ဆိုရင် အဲဒီ့နှင်းပွင့်တွေရဲ့ကြားမှာ နှင်းတွေနဲ့အပြိုင် ဖြုဖွေးသန့်စင်ခဲ့ဖူးတဲ့ ကျွန်တော့် ငယ်ဘ၀လေးကို ပြန်ရှာကြည့်ချင်မိတယ်။ အခုတော့ အရင်လောက်မအေးမြတော့တဲ့ ဆောင်းရာသီမှာ မလိုအပ်ပဲ အအေးဓာတ်ကိုကာကွယ်ဖို့ဆိုပြီး ဟန်ဆောင်ဖိုထားရတဲ့ ထင်မီးဖိုတွေရဲ့ကြား ကျွန်တော်ဘ၀လေးက မှုန်မှိုင်းလို့နေလေရဲ့…။
မျိုးဇော် (၁၆.၀၉.၀၉)