My Dreams are my Life, my Heart and my Future!

Saturday, August 15, 2009

နှလုံးသား ပုဒ်မ(၂၈)



ကောင်မလေးရေ….
ဒီနေ့ရာသီဥတုကတော်တော်လေး သာယာတယ်နော်။ အရင်နေ့တွေကဆို မိုးရာသီရဲ့ တိမ်မည်းမည်းတွေ၊ မိုးသီးမိုးပေါက်တွေ…၊ လမ်းတွေပေါ်မှာ ရွှံ့တွေဗွက်တွေနဲ့ ပြည့်နှက်နေခဲ့တာ…။ ဒီနေ့တော့အဲဒီအရာတွေပျောက်လို့ ရာသီဥတုက ခြောက်ခြောက်သွေ့သွေ့နဲ့ ပျော်စရာလေးနော်။ ကောင်းကင်မှာတော့ မိုးရာသီရဲ့ညွှတ်ကွင်းထဲက မလွတ်နိုင်သေးတဲ့ မိုးတိမ်ဖြုကြီးတွေက ကြီးစိုးနေလေရဲ့။ ငါလည်းမိုးရာသီရဲ့ လေပြေနုတွေကြားမှာ တစ်ယောက်တည်း လမ်းတွေပေါ်မှာလျှောက်ရင်း မင်းအရမ်းသွားချင်ခဲ့တဲ့ နေရာလေးတစ်ခုဘက်ကို ခြေဦးလှည့်ခဲ့မိတယ်။ တကယ်လို့များ အခွင့်အရေးတစ်ခုသာရခဲ့မယ်ဆိုရင် ငါတို့နှစ်ယောက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတဲ့နေရာလေးတစ်ခုကို မင်းလက်ကလေးကိုဆွဲပြီး လိုက်ပို့ချင်မိတယ်။ ဒါပေမယ့်လေ ငါ… ဂျွန်ယက်တောလို ဒုက္ခရောက်မှာတော့ကြောက်မိတယ်။
မျိုးဇော် (၁၅.၀၈.၀၉)

( ယင်းဖော်ပြပါ စာစုပါ “ဂျွန်ယက်တောလို ဒုက္ခရောက်မှာတော့” ဆိုသည့် အသုံးအနှုန်းမှာ သူတစ်ပါးအိမ်သို့ အခွင့်မရှိပဲဝင်ခဲ့မိ၍ ဧည့်သည်ရော၊ ဧည့်ရှင်ပါ ဒုက္ခရောက်ရပုံကို ခိုင်းနိုင်းလိုခြင်းသာ ဖြစ်ပါသည်။ မည့်သည့် နိုင်ငံရေးနှင့်ပတ်သက်သည့် ရည်ရွယ်ချက်၊ ဖော်ပြလိုခြင်းများ မပါရှိပါကြောင်း အသိပေးအပ်ပါသည်။)