My Dreams are my Life, my Heart and my Future!

Monday, August 3, 2009

အိုင်စတိုင်းသိမသွားခဲ့တဲ့ နှိုင်းရတစ်ပုဒ်


အတန်းတစ်ခုမှာ ဆရာက ကျောင်းသားတွေကို ကျောက်သင်ပုန်းပေါ်မှာ အရွယ်အစားရော ပုံစံပါတူတဲ့ မျဉ်းဖြောင့်နှစ်ကြောင်းကို ဆွဲပြတယ်။ ပြီးတော့ အဲဒီ့မျဉ်းဖြောင့်နှစ်ကြောင်းကို ထပ်ပြီးတော့ ဆက်လည်းမဆွဲ၊ ဒါမှမဟုတ် မူလရှိပြီးသား အရှည်ကို ဖျက်လည်းမပစ်ပဲ၊ ပိုပြီးတော့ တိုလာအောင်၊ ဒါမှမဟုတ် ရှည်လာအောင် ဘယ်သူလုပ်နိုင်လဲလို့ မေးတယ်။ ပထမတော့ အတန်းတစ်ခုလုံး ငြိမ်သွားတယ်။
နောက်တော့ ကောင်လေးတစ်ယောက်က သူလုပ်နိုင်ပါတယ်ဆိုပြီး အတန်းရှေ့ကို ထွက်လာခဲ့တယ်။ ပြီးတော့ ပထမမျဉ်းတစ်ကြောင်းရဲ့ နဘေးမှာ သူ့ထက်ပိုတိုတဲ့ မျဉ်းတစ်ကြောင်းကို ဆွဲလိုက်တယ်။ အဲဒီတော့ ပထမရှိပြီးသား မျဉ်းဟာ ပိုပြီးရှည်သွားတယ်ပေါ့။ နောက်ပြီး ဒုတိယမျဉ်းဖြောင့်ရဲ့ ဘေးမှာတော့ သူထက်ပိုပြီးတော့ ရှည်တဲ့မျဉ်ဖြောင့် တစ်ကြောင်းကို ဆွဲလိုက်တယ်။ အဓိပ္ပာယ်က ရှိပြီးသား မျဉ်းဖြောင့်တစ်ကြောင်းက ပိုတိုသွားတယ်လို့ မြင်ရတယ်လေ။
ဟောဒီဇာတ်လမ်းလေးက ရူပဗေဒပညာရှင်ကြီး အိုင်စတိုင်းရဲ့ relativity theory လို့ခေါ်တဲ့ ကမ္ဘာကျော် နှိုင်းရသီအိုရီကို ဥပမာပြပေးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။
အဲဒီ့ နှိုင်းရသီအိုရီရဲ့ တန်ဖိုးအကြောင်းကို ယုံကြည်လက်ခံတဲ့ ကောင်လေးတစ်ယောက်က သူချစ်တဲ့ကောင်မလေးရဲ့ အသည်းနှလုံး တစ်ခုပေါ်မှာ ရှိနေပြီးသား မျဉ်းကြောင်းတစ်ခုဘေးမှာ သူရဲ့အချစ်တွေကို မျဉ်းဖြောင့်တစ်ကြောင်း အဖြစ်အသက်သွင်းခဲ့ပါတယ်။ သူ့အမြင်မှာတော့ သူဆွဲခဲ့တဲ့ မျဉ်းဟာ ကောင်မလေးရဲ့ နှလုံးသားမှာ အရှည်ဆုံးပေါ့။ ဒါပေမယ့် တကယ့်တကယ်ပြန်ကြည့်လိုက်တော့ သူဆွဲခဲ့တဲ့ မျဉ်းတစ်ကြောင်းက ကောင်မလေးအတွက် အတိုဆုံးဖြစ်နေခဲ့တယ်။
ဒါဆိုရင် နှလုံးသားတစ်ခုထဲက မျဉ်းဖြောင့်တစ်ကြောင်းမှာရော အိုင်းစတိုင်းရဲ့ relativity theory က အကျိုးသက်ရောက်မှု မရှိတော့ဘူးလား။ ဟောဒီ့ အဖြစ်အပျက်ဟာ universal true နီးပါး မှန်ကန်ပါတယ်လို့ အားလုံးက ယုံကြည်လက်ခံထားတဲ့ relativity theory ရဲ့ပျော့ကွက်လား၊ ဒါမှမဟုတ် အဲဒီကောင်လေးဆီက အချစ်တွေရဲ့ ပျော့ကွက်လာဆိုတာတော့ မသိနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အိုင်စတိုင်းကြီး ကွယ်လွန်သွားခဲ့တာ ရာစုနှစ် တစ်ခုတောင် စွန်းခဲ့ပြီ။ ကောင်မလေးလည်း ကောင်လေးရဲ့ နဘေးကနေ ထွက်သွားခဲ့တာ ရက်တွေအတော်ကြာနေခဲ့ပြီလေ...။
မျိုးဇော်(၂၇.၀၆.၀၉)

လွင့်ကြွေသွားသော နှလုံးသားတစ်ခု


ဟိုးတစ်နေ့က မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ ငါ့ရင်ထဲမှာ ထိန့်ထိန့်လန့်လန့်ကို သတိရမိတယ်။ တစ်နေ့က မိုးတွေဖွဲဖွဲလေးပဲ ရွာတော့ ဆွေးမိသလိုလို ခံစားမိပြန်ရော။ ဟော မနေ့က မိုးတွေမရွာဘူး။ ဒီလိုဆိုတော့လည်း ရင်ထဲမှာ တစ်ခုခုပျောက်ဆုံးသွား သလိုခံစားမိပြန်တယ်။ ဒီနေ့ရော ရာသီဥတုအခြေအနေက ဘယ်လိုရှိလဲလို့ သိချင်ဇောနဲ့ ပြတင်းတံခါးကနေ အပြင်ကိုငေးကြည့်လိုက်မိတယ်။ ရုတ်တရက် ကောင်းကင်မှာ လျှပ်စီးအက်ကြောင်းတစ်ခုကို လက်ကနဲ ငါမြင်လိုက်ရတယ်။ ပြီးတော့...........ငါ့ရဲ့ နှလုံးသားတစ်ခုလုံးကို အမှောင်ထုတစ်ခုက ဆွဲခေါ်သွားတာ ခံလိုက်ရတယ်။
မျိုးဇော်(၂၂.၀၆.၀၉)

အထီးကျန် မိုးည

အပြင်မှာ မိုးတွေကတစ်ဖြောက်ဖြောက်နဲ့ ရွာလို့။ ငါကတော့ မှောင်ရိပ်မှည်းမှည်း Lobby ကြီးထဲက မီးရောင်မှိန်မှိန် ကောင်တာအောက်မှာ တစ်ယောက်ထဲထိုင်ရင်း၊ လက်ကနာရီကို ကြည့်လိုက်တော့ သန်းခေါင်ကျော်လို့ (၂)နာရီတောင်ထိုးနေပေါ့။ စံတော်ချိန်ချင်းမတူတဲ့ အွန်လိုင်းပေါ်က friends တွေတောင် off သွားကြပြီ၊ ဘေးနားက ငါ့ရဲ့တစ်ဦးတည်းသော အဖော်ကော်ဖီခွက်ကလည်း အေးလို့၊ ငါနားထောင်နေတဲ့ သီချင်းက ခရီးသွား ငါးယောက်ရဲ့ “မိုးည”၊ အင်း…ငါ့ကိုများ စောင်းဆိုနေကြတာလား…?
မျိုးဇော်(၀၈.၀၆.၀၉)

ကြယ်တစ်ပွင့်ရဲ့ တန်ဖိုး


ပန်းချီ- ဗင်ဆင့်ဗန်ဂိုး ၏ starry night(1889)

နေကွယ်ရင် လောကကြီးကို အလင်းရောင်ပေးဖို့ လထွက်လာစမြဲပါ။ လမသာနိုင်တဲ့ညတွေကျတော့``•.¸¸.•´´ ကြယ်လေးတွေရဲ့ အလင်းရောင်နဲ့ လောကကြီးကို အလှဆင်ပြန်တယ်••´¯``•.¸¸.•´´ အမှန်တော့ ကြယ်ဆိုတာ နေတွေ လတွေ ထွန်းလင်းနေစဉ်ကတည်းက လောကကြီးကို အလင်းရောင်ပေးနေတာပါ•´´¯`••._.• ဒါပေမယ့် နေတွေ လတွေရဲ့ အရှိန်အ၀ါနဲ့ သူ့ကိုဘယ်သူမှ သတိမပြုမိကြဘူးလေ••´¯``အရုဏ်မိုးသောက်လို့ နေအလင်းရောက်ပြန်တော့လည်း ဒီကြယ်လေးတွေ ကိုမေ့သွားကြပြန်ရော``•.¸
မျိုးဇော်(၁၈.၀၅.၀၉)