My Dreams are my Life, my Heart and my Future!

Friday, April 23, 2010

အားမငယ်နဲ့ ရန်ကုန်


စွန့်ပစ်ခံ ရန်ကုန်ရေ…
နင်ဘာမှအားမငယ်နဲ့
နင့်ဘေးမှာ နင့်ကိုမှတက်မက်တဲ့
ငါတို့တွေရှိတယ်….

အထီးကျန် ရန်ကုန်ရေ…
နင်ဘာမှအားမငယ်နဲ့
နင့်ကိုမှ စွဲလမ်းတဲ့
ငါတို့တွေရှိတယ်….

အထည်ကြီးပျက် ရန်ကုန်ရေ…
နင်ဘာမှ အားမငယ်နဲ့
နင်နဲ့အတူတူ ရုန်းကန်မယ့်
ငါတို့တွေရှိတယ်…

ကြောက်ရွံ့နေတဲ့ ရန်ကုန်ရေ…
ငါတို့ရဲ့ ပျော်စရာပိတောက်ရက်တွေ
သွေးတွေစွန်းခဲ့ရပြီ..
နင်ဘာမှအားမငယ်ပါနဲ့
နင့်မှာအပြစ်မရှိတာ ငါတို့နားလည်
ငါတို့တွေအတူတူ လက်တွဲကြမယ်…
ငါတို့တွေယုံကြည်ထားတယ်..
ငါတို့တွေ မျှော်လင့်ထားတယ်...
ပျော်စရာ သင်္ကြန်နေ့ရက်တွေ
ကမ္ဘာတည်သရွေ့ ဆက်ရှိနေအုံးမယ်။

မျိုးဇော်(၁၆.၀၄.၁၀)

မနေ့က မဟာသင်္ကြန်အကြတ်နေ့မှာ ရန်ကုန်မြို့ရေကစားမဏ္ဍပ်တစ်ခုမှာ ဗုံးတွေပေါက်တယ်ဆိုတဲ့ သတင်းကြားပြီးတော့ ဟောဒီ့ကဗျာလေး ရေးမိကြောင်းပါ...။