
ဟိုးတစ်နေ့က မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ ငါ့ရင်ထဲမှာ ထိန့်ထိန့်လန့်လန့်ကို သတိရမိတယ်။ တစ်နေ့က မိုးတွေဖွဲဖွဲလေးပဲ ရွာတော့ ဆွေးမိသလိုလို ခံစားမိပြန်ရော။ ဟော မနေ့က မိုးတွေမရွာဘူး။ ဒီလိုဆိုတော့လည်း ရင်ထဲမှာ တစ်ခုခုပျောက်ဆုံးသွား သလိုခံစားမိပြန်တယ်။ ဒီနေ့ရော ရာသီဥတုအခြေအနေက ဘယ်လိုရှိလဲလို့ သိချင်ဇောနဲ့ ပြတင်းတံခါးကနေ အပြင်ကိုငေးကြည့်လိုက်မိတယ်။ ရုတ်တရက် ကောင်းကင်မှာ လျှပ်စီးအက်ကြောင်းတစ်ခုကို လက်ကနဲ ငါမြင်လိုက်ရတယ်။ ပြီးတော့...........ငါ့ရဲ့ နှလုံးသားတစ်ခုလုံးကို အမှောင်ထုတစ်ခုက ဆွဲခေါ်သွားတာ ခံလိုက်ရတယ်။
မျိုးဇော်(၂၂.၀၆.၀၉)
No comments:
Post a Comment