
ဒီစကားလေးကတော့ လူတိုင်းလိုလိုကြားဖူးပြီးသားဖြစ်ကြမှာပါ။ လူတစ်ယောက်ကို “အိမ်ခြေရာခြေမရှိပဲ
လမ်းဘေးစရိုက်ဆန်တဲ့လူတစ်ယောက်”လို့ ခိုင်းနှိုင်းပြောဆိုလိုတဲ့ အခါမှာပြောဆိုတာလို့ လူအတော်တော်များများကတော့ နားလည်ထားကြပါတယ်။ မှန်ပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ ဒီအယူအဆတွေ လွဲနေတယ်လို့ ထင်ပါတယ်။ တကယ့်တကယ်ပြန်စဉ်းစားကြည့်မယ်ဆိုရင် အုတ်ကြားထဲမှာရှင်သန်ရတဲ့ မြက်ပင်တစ်ပင်ဟာ တစ်ခြားမြက်ပင်တွေလို မြေဆီမြေလွှာပေါများတဲ့ နေရာတစ်ခုမှာပေါက်ဖွားရှင်သန်ရတာမျိုးမဟုတ်ပဲ ပုံမှန်မဟုတ်တဲ့ အကျပ်အတည်းအခြေအနေတစ်ခုကနေ တစ်ခြားမြက်ပင်တွေလိုပဲ မြက်ပင်တစ်ပင်ဖြစ်လာအောင်ပေါက်ဖွားရှင်သန်လာနိုင်တယ် ဆိုတာကိုက သူရဲ့အစွမ်းသတ္တိတစ်ခုပါပဲ။ မြေဆီမြေလွှာရှားပါတဲ့ အခြေအနေတစ်ခုမှာ သူရရှိထားတဲ့ မြေဆီမြေလွှာအနည်းငယ်နဲ့ ရောင့်ရဲတင်းတိမ်ပြီး အုတ်တွေကနေတစ်ဆင့်ရေဓာတ်ကို ရယူပြီး ပေါက်ဖွားရှင်သန်လာနိုင်တယ်ဆိုတာကိုက သဘာဝတရားရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့လိုလူသားတွေမှာလဲ နေ့စဉ်ဖြစ်ပေါ်ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတစ်ချို့၊ အခြေအနေတစ်ချို့ကြောင့် ကံဇာတ်ဆရာကို အပြစ်ပုံချပြီး စိတ်ပျက်အားငယ်နေမယ့်အစား ရရှိထားတဲ့ အခြေအနေတစ်ခုကနေ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးဆိုတဲ့အရာတွေကို လုပ်ကိုင်ရင် အုတ်ကြားမြက်ပေါက်နိုင်တာကို ဥပမာပြုရင်း ပုဂ္ဂုလိကအကျိုး၊ ပရဟိတအကျိုးကို လုပ်ဆောင်နိုင်ကြပါစေလို့….။
မျိုးဇော် (၁၇.၀၈.၀၉)
No comments:
Post a Comment