My Dreams are my Life, my Heart and my Future!

Wednesday, September 2, 2009

ဌက်တစ်ကောင်ရဲ့ တမ်းချင်း

ငါဟာဌက်တစ်ကောင်ဆိုရင်…။
မီးတစ်မျှပူပြင်းတဲ့ နွေနေပူကို
ကျောပေးလို့ ပျံသန်းခဲ့ရဖူးတယ်။
ပူပြင်းလှတဲ့ နွေလေရူးတွေရဲ့ကြား
အေးမြတဲ့ သစ်ရိပ်တွေရဲ့အောက်
အကိုင်းအခက်လေးတွေကြားက
အသိုက်အမြုံလေးတွေကို စိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်။
ဒါပေမယ့် “နေမြင့်လေ အရူးရင့်လေ” ဆိုတဲ့
စကားတစ်ခွန်းက ငါ့စိတ်ကူးတွေကို
လှောင်ပြောင်ရယ်မောခဲ့တယ်။

စူးရှကြမ်းတမ်းတဲ့ မိုးရေစက်တွေကြား
မိုးဒဏ်လေဒဏ်ကို အန်တုရင်း
အတောင်ပံကို စုံဖြန့်လို့ ပျံခဲ့ရဖူးတယ်။
လေပြင်းမုန်တိုင်းတွေကြား
တစ်သက်တာနားခိုဖို့ အသိုက်အမြုံလေးတစ်ခုကို
ကိုယ်တိုင်ဖန်တီးခဲ့ဖူးတယ်။
ဒါပေမယ့် “လေထဲတိုက်အိမ်ဆောက်တယ်”ဆိုတဲ့
စကားတစ်ခွန်းက ငါ့ဘ၀လေးကို ချေမွသွားခဲ့တယ်။

အေးမြချမ်းစိတ်တဲ့ ဆောင်းညတွေကြား
ကိုယ်ပိုင်အသိုက်အမြုံလေးတစ်ခုကို
အိပ်မက် မက်ကြည့်ခဲ့ဖူးတယ်။
ဒါပေမယ့် “ဆောင်းတွင်းအိပ်မက် ဂရောက်ဂရက်”
ဆိုတဲ့ စကားတစ်ခွန်းက ငါ့အိပ်မက်တွေကို
နင်းချေသွားတာခံလိုက်ရတယ်။

တကယ်လို့များ လိုတရတောင်းဆုတစ်ခုသာ
တောင်းဆိုခွင့်ရခဲ့မယ်ဆိုရင် …။
မရပ်မနားပျံသန်းနေရတဲ့
ငါ့အတောင်ပံတွေ မခံနိုင်လွန်းလို့
မီးတောက်မီးလျှံတွေနဲ့ လောင်ကျွမ်းခဲ့မယ်ဆိုရင်
ကောင်းကင်ကြီးမှာ အမြဲတမ်းထွန်းလင်းခွင့်ရမယ့်
ကြယ်လေးတစ်ပွင့် ဖြစ်ပါရစေ…။

မျိုးဇော်(၀၂.၀၉.၀၉)

No comments:

Post a Comment