
တကယ်တော့...
ငါဆိုတာ လူ့ဘ၀ရဲ့
ဧည့်သည်တစ်ယောက်...
ပုခက်ပေါ်က ခုန်ဆင်း
ခြောက်ပေကျင်းထဲမရောက်ခင်အထိတော့
လောဘ၊ ဒေါသ၊ မောဟတွေနဲ့
ကခုန်လိုက်အုံးမှ...
အော်... မေ့လို့
အမှောင်တွေ မလွန်ခင်
ဘုရားသခင်ဆီတော့ ပြေးပြီး
ဧည့်စာရင်းလေး တိုင်လိုက်အုံးမယ်။
မျိုးဇော်(၁၁.၀၅.၁၀)
No comments:
Post a Comment