My Dreams are my Life, my Heart and my Future!

Sunday, July 12, 2009

ကြယ်ဖြစ်သွားတဲ့ ဌက်ကလေး


ဌက်ကလေး တစ်ကောင်...
ကောင်ကင်မှာ တစ်ကောင်ထဲ အထီးကျန်ပျံနေရတယ်။
တစ်ခါတစ်လေတော့လည်း
အတောင်ပံတွေ ညောင်းရင်၊ မိုးတွေလေတွေ တိုက်ရင်၊
မှီခိုဘို့ကိုယ်ပိုင်အသိုက်အမြုံလေး တစ်ခုလောက်ကိုတောင့်တမိလေရဲ့။

ဒီတစ်ခါတော့....
သူလိုချင်တောင့်တ မိတဲ့
အသိုက်လေးတစ်ခုကို ၀ိုးတစ်ဝါးတွေ့လိုက်ရတယ်လေ။
ဒါနဲ့ လိုချင်တက်မက်စိတ်နဲ့
အပြေးလှမ်းလိုက်မိတယ်...
ဒါပေမယ့် အဲဒီအသိုက်လေးမှာ ပိုင်ရှင်ရှိမှန်းသိတော့
သူ့......ကိုယ်သူ အားငယ်သွားမိတယ်။

ဒါပေမယ့်...
သူကလည်း သူမာနလေးနဲ့
အမှီအခိုမဲ့ဆက်ပြန်နေမိတယ်......။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်
ကောင်းကင်က ကြယ်လေးတွေက
အဲဒီလို အထီးကျန်ဌက်ကလေးတွေ
တစ်ကောင်တည်း မရပ်မနားပျံသန်းရာကနေ
အတောင်ပံတွေ မီးတောက်ပြီး...
ကြယ်လေးတွေ ဖြစ်သွားကြတာတဲ့။

ကျွန်တော်သာ
ကြယ်လေး တစ်စင်းဖြစ်ခဲ့ရင်...
မင်းရဲ့အသိုက်အမြုံလေး ကိုအလင်းရောင်ပေးနိုင်အောင်
ကြိုးစားမှာပါ...ကောင်မလေးရယ်။

မျိုးဇော် (၀၅.၀၄.၀၉)

No comments:

Post a Comment