My Dreams are my Life, my Heart and my Future!

Friday, January 27, 2012

ညရဲ့ လ


ပြတင်းပေါက်အပြင်ကို ကျွန်တော်ငေးကြည့်လိုက်တော့ ကောင်းကင်မှာ လမင်းကြီးသာနေသည်။ လမင်းကြီးရဲ့အခြွေအရံကြယ်လေးတွေကလည်း ကောင်းကင်တစ်ပြင်လုံးမှာ ထွန်းလင်းနေသည်မို့ ဒီညကအတော်သာယာကြည်နူးစရာကောင်းသည်။

O Moon
( By: Narayan Chandra Samal)

O moon o moon
You are so sweet
How good you are looking
And how good your light!

O moon o moon
You are very bright
Children’s stop crying
By seeing your sight

O moon o moon
You are very white
Everything looks beautiful
Under your light

O moon o moon
You are very quiet
I love your coolness
I love moonlight

O moon o moon
How romantic you’re light
Teens love you very much
They want moonlight

ကောင်းကင်မှာ နေမင်းကြီးထွန်းလင်းနေချိန်နှင့် နေအလင်းရောင်ရှိသော အချိန်များကို လူသားတွေက နေ့တစ်နေ့အဖြစ်သတ်မှတ်ကြသည်။ နေမင်းကြီး ကမ္ဘာတစ်ဖက်ကနေ ပျောက်ကွယ်သွားချိန်၊ တစ်ခြားကမ္ဘာတစ်ဖက်ခြမ်းမှာ ထွန်းလင်းနေချိန်မှာတော့ အမှောင်ခြမ်းမှ လူသားတွေက အဲဒီ့နေမရှိသောအချိန်တွေကို ညတစ်ညအဖြစ်သတ်မှတ်ကြသည်။ တစ်ကယ်တော့ ညဆိုတာက နေမင်းကြီးစွန့်ခွာသွားချိန်ကိုသာ ဆိုလိုခြင်းဖြစ်သည်။ လမင်းကြီးရှိနေခြင်း မရှိနေခြင်းနှင့် လားလားမှမဆိုင်...။

ကောင်းကင်မှာ တိမ်လွှာတွေပြည့်သိပ်နေချိန်၊ မြုတွေပိန်းပိတ်အောင် ဆိုင်းနေချိန်တွေမှာတောင် နေမင်းကြီးကို မျက်စိနဲ့တိုက်ရိုက်မမြင်နိုင်ပေမယ့် တိမ်တွေ၊ မြုတွေကြားကနေသူ့အလင်းရောင်က ထိုးဖောက်နိုင်သည်မို့ အဲဒီ့အချိန်တွေကို နေ့အချိန်ဟု လူသားတွေသတ်မှတ်ကြသည်။ ဒါပေမယ့်လည်း ညတစ်ညမှာ လရဲ့အလင်းရောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ညကတော့ ညသာဖြစ်ပါသည်။ ဆိုလိုသည်မှာ နေအလင်းရောင်မရှိပဲ နေ့တစ်နေ့မဖြစ်နိုင်ပေမယ့်လည်း လရောင်မရှိပဲနဲ့တော့ ညတစ်ညဖြစ်နိုင်ပါသည်။

ညတစ်ညအတွက်တော့ သူမရဲ့ကောင်းကင်ပြင်က လတစ်စင်းဟာ အသုံးမ၀င်တဲ့ အပိုသက်သက် ပစ္စည်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဒါပေမယ့်လည်း ကျွန်တော်တို့လူသားတွေကတော့ လမိုက်ညတွေထက် လသာသောညတွေကို ပိုမိုနှစ်သက်ကြသည်။ လပြည့်ညတွေရောက်ပြီဆိုရင် ပွဲလမ်းသဘင်တွေလုပ်ကြသည်။ အပေါင်းအသင်း သူငယ်ချင်းတွေ၊ ချစ်သူတွေစုဖွဲ့ပြီး လပြည့်ညရဲ့လှပသော ကောင်းကင်အောက်မှ ပျော်ရွှင်မြုးတူးကြသည်။ တကယ်တော့ လတစ်စင်းသည် ညဆိုသော ဝေါဟာရတစ်ခုဖြစ်လာဖို့ အမှန်တကယ်အရေးမကြီးပေမယ့်လည်း လမင်းကြီးရှိသော ကောင်းကင်ကို၊ လမင်းကြီးမရှိသော ညတွေထက် ပိုပြီးလှပသည်ဟု ကျွန်တော်ထင်ပါသည်။

လောကကြီးမှာ အသက်ရှင်သန်လှုပ်ရှား ရုန်းကန်နေရသော လူသားတိုင်း၏ ဘ၀မှာ စိတ်ပျက်အားငယ်စရာများ၊ သိမ်ငယ်စရာများစွာ ရှိနိုင်ပါသည်။ တစ်ချို့သောလူတွေကလည်း မိမိကိုယ်မိမိ အဖွဲ့အစည်းတစ်ခုအတွက်၊ မိသားစုတစ်ခုအတွက်၊ ကိုယ်ချစ်ရသောသူတစ်ယောက်အတွက် အသုံးမ၀င်သော၊ အသုံးမတည့်သော လူတစ်ယောက်အနေဖြစ် မိမိကိုမိမိမှတ်ယူတတ်ကြပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ့လိုအခြေအနေမျိုးတွေရောက်တိုင်း လရောင်လွှမ်းသော ညရဲ့ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဖြေသိမ့်ခဲ့ရဘူးသော ညတွေမရေမတွက်နိုင်အောင် ရှိခဲ့ဘူးပါသည်။

တစ်ကယ်တော့ ညရဲ့ကောင်းကင်မှာ လမင်းကြီးသာနေမှ ညတစ်ညဖြစ်နိုင်တာမဟုတ်ပါ။ လရောင်မရှိသော ညဟာလည်း ညတစ်ညသာဖြစ်ပါသည်။ ဒါပေမယ့်လည်း လမင်းရဲ့အလင်းရောင်ရှိသော ညရဲ့ကောင်းကင်က ကျွန်တော်တွေ့ဘူးသမျှညတွေထဲမှာ အလှဆုံးဖြစ်မည် ထင်ပါသည်။

မျိုးဇော် (၀၅.၀၉.၁၀)

No comments:

Post a Comment